စစ်တွေ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၃ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်၌ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝင်ရောက်လာသူများအား စစ်တွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံ ကျန်းမာရေးပညာရှင်ဝန်ထမ်းများက Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ Fever Surveillance ပြုလုပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။