အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုခြင်းစနစ်တွင် မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထား မှတ်တမ်းအား တရားဝင်အသိအမှတ်ပြုထားပြီးဖြစ်

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ (၁၉) ရက်

     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့် ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများထုတ်ပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် အီလက်ထရောနစ်သတင်းအချက်အလက် စနစ် ဖြစ်သည့် Vaccination Management Information System-VMIS စနစ်ကို (၂၀၂၁) ခုနှစ်၊ ဇူလိုင်လမှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီမှုဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။


 

     ပြည်ပနိုင်ငံများသို့ခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး ကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ထုတ်ပေးခြင်းကို (၇-၄-၂၀၂၂) ရက်နေ့မှစတင်၍ အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ ဖြစ်သည့် https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံမှ ထုတ်ပေးသော ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက် အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) တွင်ပါရှိသည့် QR Code အား မည်သည့် Mobile Phone (သို့မဟုတ်) Tablet ဖြင့်မဆို Scan ဖတ်၍ အချက်အလက်များ ရယူနိုင်သည့်အတွက် အဆိုပါကာကွယ်ဆေးထိုးမှတ်တမ်းအား ကိုင်ဆောင်ထားပါက ကာကွယ် ဆေးထိုးနှံပြီးစီးမှုနှင့်ပတ်သက်၍ အလွယ်တကူ တိုက်ဆိုင်စိစစ်နိုင်သည့်အပြင် မည်သည့်နေ့ရက်များတွင် မည်သည့်ကာကွယ်ဆေး အမျိုးအစား ထိုးနှံထားကြောင်းကို အတည်ပြုချက်ရယူနိုင်ပါသည်။


 

     ထို့အပြင် အာဆီယံနိုင်ငံများအချင်းချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှ တစ်ဆင့်ထုတ်ပေးသည့် COVID-19 Vaccination Electronic Certificate အား အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင် အသိအမှတ်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ မေလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တို့၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီးဖြစ်ပါသည်။


 

     သို့ဖြစ်ပါ၍ (၁၅-၅-၂၀၂၂) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွား မည့်သူများအတွက် အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) အား ASEAN Covid-19 Vaccine Certificate Single Verification Portal ဖြစ်သော https://asean. healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

 
 
 

More Tags