Day 1: Parallel Section “Road Map on Maintaining Polio-free Status and Achieving Measles and Rubella Elimination”

Room C, MICC 2, (6-12-2023), 3:15 pm – 4:30 noon
(၆-၁၂-၂၀၂၃) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ Parallel Section အဖြစ် ဆောင်ရွက်ခဲ့ရာ Room C တွင် ညနေ (၃း၁၅) မှ ညနေ (၄း၃၀) နာရီ အချိန် တွင် Parallel section အဖြစ် Room C တွင် Road map on Maintaining polio-free status and achieving measles and rubella elimination ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့ရာ သဘာပတိအဖြစ် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တွဲဘက်သဘာပတိအဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ ကူးစက်) ဒေါက်တာထွန်းတင်တို့က ဆောင်ရွက်ခဲ့ကြပါသည်။
 
 

အစီအစဉ်

ရှေးဦးစွာ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် -

(က) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာတိုးသီရိအောင်က

Myanmar’s Journey Towards Polio Eradication ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(ခ) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာသဉ္ဇာအောင်က Challenges in Measles and Rubella Elimination ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဂ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) အထူးကုဆရာဝန်ကြီး (Microbiology) ဒေါက်တာဝင်းဝင်းရီက Laboratory Support for Achieving Surveillance Performance Indicators ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(ဃ) ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မေဦးခိုင်က Outbreak Repone to Vaccine-derived Polio Virus in Kayin State ခေါင်းစဉ်ဖြင့်လည်းကောင်း

(င) ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာသက်ဆုမွန်က Occurrence of Diphtheria Outbreak, Response and Control in Migrants in Yangon Region ခေါင်းစဉ်ဖြင့်လည်းကောင်း၊

အသီးသီးဟောပြောခဲ့ကြပါသည်။

 

မေးခွန်းများမေးမြန်းဖြေကြားခြင်း

ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်းနှင့် ပြည်ပပညာရှင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက မေးခွန်းများမေးမြန်းဆွေးနွေးခြင်းနှင့် ဟောပြောသူများက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲသို့ စုစုပေါင်း (၁၉၆) ဦး တက်ရောက်ခဲ့ပါသည်။

 

More Tags