(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ (22-1-2024)

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

     (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 

     ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြား ပြီးနောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ‌ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပါသည်။

     ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုအားပေးကြပါသည်။

 

     ယခုနှစ်ညီလာခံတွင် ကျန်းမာရေးသုတေသီပညာရှင်များ၏ အခြေခံသုတေသနစာတမ်း (၂၃)စောင်၊ အသုံးချသုတေသနစာတမ်း(၂၂)စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း (၁၃)စောင်၊ သုတေသနပိုစတာ (၅၁)စောင်၊ စုစုပေါင်း စာတမ်း(၁၀၉)စောင်တို့ကို တင်သွင်းဖတ်ကြားပြသ ကြမည်ဖြစ်ပါသည်။

More Tags