ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဆေးကုသရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မေလ (၁၂) ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင်လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှုပုံတူပြုလေ့ကျင့်ရေးနှင့်သုတေသနဌာန (MEDICAL SKILLS, SIMULATION AND RESEARCH CENTER) တွင်ကျင်းပပြုလုပ်နေသော အခြေခံအရိုးရောဂါ ခွဲစိတ်ကုပညာ ကျွမ်းကျင်မှုသင်တန်း (BASIC ORTHOPAEDIC SURGICAL SKILLS COURSE) သို့သွားရောက်၍ အရိုးရောဂါခွဲစိတ်ကုသမှု လက်တွေ့ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားနေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးအားပေးပြီး သင်တန်းပို့ချလျှက်ရှိသော အရိုးရောဂါ ပညာဌာနမှ ဆရာများနှင့် သင်တန်းတက် ရောက်လျှက်ရှိသော ဆေးပညာမဟာသိပ္ပံ ကျောင်းသား/သူများကို တရင်းတနှီးတွေ့ဆုံ၍ လိုအပ်သည်များကိုလမ်းညွှန်မှာ ကြားပါသည်။

 

     သိုလ်(၁)ရန်ကုန်၊ သင်တန်းသားသင်တန်းသူများအဆောင်ထားရှိရန် အဆောက်အဦကိုသွားရောက် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနဝန်းအတွင်းရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ RC(၅)ထပ်၊ သင်တန်းသား သင်တန်းသူများအဆောင်ဆောက်လုပ်မှု လုပ်ငန်းခွင်နှင့် ကျောင်းသား/သူအဆောင်ဆောက်လုပ်မည့် မြေနေရာအားလှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

 

      ထို့နောက်ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရိုးနှင့်ထိခိုက်ဒဏ်ရာကုဌာန၊ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဓါတ်ရောင်ခြည်ဆေးကုဌာနများတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင် သစ်ကြီးတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူနာများ စိတ်အေးချမ်းသာစွာဆေးကုသမှုခံယူနိုင်ရေး၊ ဆေးဝါးများပြတ်လပ်မှုမရှိစေရေး၊ အဆောက်အဦ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ စနစ်တကျစီမံဆောင်ရွက်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags