ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်ရေးအတွက် ရေသန့်စင်ရန် ကလိုရင်းဆေးအသုံးပြုနည်းအား ပညာပေးခြင်းနှင့်သရုပ်ဖော်ပြသခြင်း

ရန်ကုန်၊ ဇူလိုင် ၉

     (၉-၇-၂၀၂၄) နံနက် (၉:၃၀) တွင် အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကေခိုင်အေး ဉီးဆောင်၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီစိုး၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်) ဒေါက်တာခိုင်ခိုင်ဝင်းနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန် (လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်) ဒေါက်တာဇေယျမင်းပိုင် တို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်ရေးအတွက် ရေသန့်စင်ရန် ကလိုရင်းဆေးအသုံးပြုနည်းအား ပညာပေးခြင်းနှင့်သရုပ်ဖော်ပြသခြင်းအား ဗိုလ်တထောင်ခရိုင်နှင့် သင်္ဃန်းကျွန်းခရိုင်ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ မီးသတ်ဉီးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုသမီးရေးရာအဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ ကြပါသည်။

 

More Tags