ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဒုတိယနေ့အစီအစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

     ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီဌာနက ကြီးမှူးကျင်းပ သည့် (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲ ဒုတိယနေ့အစီအစဉ်များကို နေပြည်တော် Hotel Max ၌ နံနက် (၈) နာရီအချိန်တွင် ဆက်လက်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်ခဲ့သည်။

 

     သွားဘက်ဆိုင်ရာဆေးပညာအစုအဖွဲ့ (Dental Syndicate) တွင် မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာနေဝင်းနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာပိုင်စိုးတို့က သဘာပတိများအဖြစ်လည်းကောင်း၊ ဆေးဝါးပညာရပ်ဆိုင်ရာ အစုအဖွဲ့ (Pharmacy Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပါမောက္ခဒေါက်တာနွဲ့နွဲ့ဦးနှင့် ဆေးဝါးတက္ကသိုလ်- ရန်ကုန်၊ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခဒေါက်တာရီရီတင်တို့က သဘာပတိများ အဖြစ်လည်းကောင်း၊ သူနာပြုပညာရပ်ဆိုင်ရာအစုအဖွဲ့ (Nursing Syndicate) တွင် သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ် (ငြိမ်း)၊ ပါမောက္ခဒေါက်တာမာလာဝင်းနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ ဥက္ကဋ္ဌ၊ ဒေါ်နွဲ့နွဲ့ခင်တို့က သဘာပတိများအဖြစ်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာနည်းပညာအစုအဖွဲ့ (Medical Technology Syndicate) တွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပါမောက္ခဒေါက်တာသန်းမြင့်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ဒေါက်တာတင်တင်လေးတို့က သဘာပတိများအဖြစ်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာအစုအဖွဲ့ (Public Health Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ဒေါက်တာသန်းဇော်မြင့်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၊ ပါမောက္ခချုပ် (ငြိမ်း)၊ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်တို့က သဘာပတိများအဖြစ် လည်းကောင်း အသီးသီးဆောင်ရွက်ခဲ့ကြပြီး၊ KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/‌ကျောင်းသူများအတွက် ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများ ပြုပြင် ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များနှင့် ဘွဲ့လွန်သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင် ရေးဆွဲရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက တက်ကြွစွာ ပါဝင်အကြံပြု ဆွေးနွေးကြပါသည်။

 

     ထို့နောက် (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲတွင် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေးတင်ပြမှုများ၏ ရလဒ်များနှင့် အကြံပြုချက်များ တင်ပြခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်းနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာတင်ထွန်း တို့က သဘာပတိများအဖြစ်ဆောင်ရွက်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သင်ကြား‌ရေး)၊ ဒေါက်တာချောစုမောင်က နှီးနှောဖလှယ်ပွဲရလဒ်များနှင့် အကြံပြုချက်များကို စုစည်းတင်ပြပါသည်။

 

     ထို့နောက် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နှီးနှောဖလှယ်ပွဲရလဒ်တွင် အနာဂတ်ဆေးပညာသင်ကြားရေး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကောင်းမွန်သော ရလဒ်များ ထွက်ရှိအောင် တက်ကြွစွာ တက်ရောက် ပါဝင်ဆွေးနွေးပေးခဲ့မှုများအပေါ်တွင် များစွာကျေးဇူးတင်ရှိကြောင်း နိဂုံးချုပ်အမှာစကား ပြောကြား၍ (၁၁)ကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ညနေ (၅) နာရီ မိနစ် (၃၀) အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

More Tags