ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အလွတ်တန်းဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

 
 
 
 
 
 
 
 
 

နေပြည်တော်၊ (၂၀၂၄)ခုနှစ် စက်တင်ဘာလ (၁၆)ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ အလွတ်တန်းဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ‌ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား များသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းဖူဆယ် (အမျိုးသား)ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ်(အမျိုးသား) ပြိုင်ပွဲတွင် ဝန်ကြီးဌာန ကိုယ်စားပြုအသင်းအနေဖြင့် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ပြိုင်ပွဲဝင်များစိစစ်ရွေးချယ်နိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး ဝန်ကြီးဌာနအတွက် ထူးချွန်သော လက်ရွေးစင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလွတ်တန်းဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ရာ၌ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရမည့် ဝန်ကြီးဌာနကိုယ်စားပြုအသင်း အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေး အခြေခံပြိုင်ပွဲကောင်းတစ်ခု ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲမှတစ်ဆင့် ဖူဆယ်လက်ရွေးစင်အားကစားသမားများအား ရွေးချယ်လေ့ကျင့်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် ပြိုင်ပွဲ၏ အနှစ်သာရများ အကောင်အထည်ပေါ်လာစေရေး တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အသင်းလိုက် ယှဉ်ပြိုင်ကြသူများထဲမှ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့်သူများကို စိစစ်ရွေးချယ်သွားမည် ဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစအရည်အသွေးများအား အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ယခုပြိုင်ပွဲမှတစ်ဆင့် ဝန်ကြီးဌာနလက်ရွေးစင်အသင်းအဖြစ် ပေါ်ထွက်လာနိုင်စေရေး အကောင်းဆုံး/ အသန့်ရှင်းဆုံး ယှဉ်ပြိုင်လေ့ကျင့်နိုင်ကြပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာစေရေး ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

     ကျန်းမာရေးဝန်ကြီးဌာန၊ အလွတ်တန်းဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်မှ (၁၆)ရက်နေ့အထိ ပြိုင်ပွဲဝင် အသင်း (၉)သင်းမှ အုပ်စု (၂)စု ခွဲ၍ ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သဇင်အသင်း (နေပြည်တော်)နှင့် နှင်းဆီအသင်း (မကွေးတိုင်း)တို့ ယှဉ်ပြိုင် ကြရာ သဇင်အသင်း (နေပြည်တော်)က နှင်းဆီအသင်း(မကွေးတိုင်း)ကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆုကို စံပယ်အသင်း (မကွေးတိုင်း)နှင့် နှစ်သိမ့်ဆုကို စိန်ပန်းအသင်း (ရန်ကုန်တိုင်း)တို့က အသီးသီးရရှိခဲ့ကြပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ပထမဆုရအသင်းအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရအသင်းများအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ခဲ့ပါသည်။

     ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)မျိုး၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် အားကစားနည်း (၂၃)မျိုးတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာ ဝန်ကြီးဌာန ကိုယ်စားပြုအသင်းအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

More Tags