တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Dali မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ စာတမ်းဖတ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှစ်ဦးတက်ရောက်ခဲ့

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Dali မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်မှ (၁၃)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ ကူးစက်ရောဂါများအား ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနှီးနှောဖလှယ်ပွဲနှင့် မြန်မာနိုင်ငံငှက်ဖျားရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာစာတမ်းဖတ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်ထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဗဟိုကူးစက်) ဒေါက်တာထွန်းတင်တို့သည် နိုဝင်ဘာလ (၁၀)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးစဉ်အမှတ် MU-2032 ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းသိရသည်။


    အဆိုပါ နှီးနှောဖလှယ်ပွဲနှင့်စာတမ်းဖတ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဖွင့်ပွဲမိန့်ခွန်း ပါဝင် ပြောကြားခဲ့ပြီး ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အခြားအပူပိုင်းကူးစက်ရောဂါများနှင့် တီဘီရောဂါများစသည့် ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ နှင့် ပူးပေါင်းဆောင်ရွက်ရေးရာဆိုင်ရာကိစ္စရပ်များ၊ သုတေသနဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ လေ့ကျင့်မွေးထုတ်မှုဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံတက္ကသိုလ်များ အကြား သင်ကြားရေးနှင့် ရောဂါကာကွယ်နှိမ်နှင်းရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်နှင့် အတတ်ပညာနှင့် နည်းပညာရပ်များအား အကူအညီရရှိနိုင်ရေးတို့ အတွက် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာလ (၁၃)ရက်တွင် Dali University School of Public Health၊ Dali City ရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ CDC နှင့် Yunnan Endemic Disease Prevention Institute သို့ သွားရောက်လေ့လာခဲ့ကြကြောင်းသိရသည်။

    ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်) ဒေါက်တာထွန်းတင်တို့သည် နိုဝင်ဘာလ (၁၄)ရက်ညနေပိုင်းတွင် လေကြောင်းခရီးစဉ်အမှတ် MU-9641 ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့ သို့ ပြန်ည် ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags