ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ ဒုတိယနေ့ ဆက်လက်ကျင်းပပြုလုပ်

 
 
 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်

     ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာဆိုင်ရာညီလာခံ ဒုတိယနေ့အား နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ဆက်လက်ကျင်းပရာ ဟောပြောပွဲ(၆)ခုဆောင်ရွက်ခဲ့ပြီး နှလုံးသွေးကြော ရောဂါ မဖြစ်မီကြိုတင်ကာကွယ်ပုံ၊ နှလုံးသွေးကြောကျဉ်းရောဂါ စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းများ၊ နှလုံးသွေးကြောကျဉ်းရောဂါ ကုသနည်းများ၊ သွေးတိုးရောဂါ၏ နောက်ဆုံးပေါ် ခေတ်မီကုသနည်းများ၊ နှလုံးစက်တပ်ကုသခြင်း၏ တိုးတက်လာပုံအဆင့်ဆင့်၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာရပ်ကို နှလုံးလျှပ်စီးပတ်လမ်းကြောင်း ဖြတ်တောက် ကုသခြင်းတွင် အသုံးပြုပုံ၊ နှလုံးစည်းချက်မမှန်သော ရောဂါကို လျှပ်စီးပတ်လမ်းကြောင်း ဖြတ်တောက်ကုသခြင်းနှင့် နှလုံးသွေးကြောမကြီး ရောဂါကုသနည်းများကို ပြည်တွင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များက အသီးသီးတင်ပြဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံမှ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကာ မြန်မာနှလုံးရောဂါပညာရပ်ဆိုင်ရာ ပညာရှင်များနှင့်အတူ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း ညနေပိုင်းတွင် ညီလာခံ အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags