ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho ၏ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ (၃)ရက်နေ့ မှ ဒီဇင်ဘာလ (၄)ရက် နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်ရန်အတွက် ၁-၁၂-၂၀၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။