၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ China National Convention Center တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး၊ အခြားဖိတ်ကြားထားသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထား သောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်ကပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာအား ရှေးဦးစွာဖတ်ကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသားတိုင်းရင်းဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာကော်မရှင်အကြီးအကဲ ပါမောက္ခ Yu Yanhong မှကြိုဆို နှုတ်ခွန်း ဆက်စကားအားလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနောက် ပစိဖိတ်ဒေဆိုင်ရာ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားအားလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားအား Video Conferencing ဖြင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haichoမှ အဖွင့်မိန့်ခွန်းအားလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်H.E. Mr. Guozhong Liu မှ အဖွင့်မိန့်ခွန်းအားလည်းကောင်း အသီးသီးပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ပါသည်။
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံအား ဒီဇင်ဘာလ (၃)ရက်မှ (၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖိတ်ကြားထားသော ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးမျာ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်း နှင့်အတူ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျန်းမားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။