ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်

ရန်ကုန်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်ပါသည်။

       

      အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆေးကောင်စီ၏ လက်ရှိအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒုတိယလေးနှစ်တာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် မကြာမီကာလအတွင်း တတိယလေးနှစ်တာကာလအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များ ရွေးချယ်သွားရမည်ဖြစ်ရာ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့်အညီ မိမိတို့ဆေးပညာရပ် ပိုင်းဆိုင်ရာ အကျိုးအတွက် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များကို သေချာစွာ ရွေးချယ်သွားကြရန်ဖြစ်ပါကြောင်း၊ လက်ရှိအလုပ်အမှုဆောင်အဖွဲ့အနေဖြင့်အဖွဲ့၏ သက်တမ်းကာလအတွင်း ဆေးပညာလောကတိုးတက်ရေးနှင့် လူနာများ၏ကောင်းကျိုးအတွက်များစွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆရာဝန် ကျင့်ဝတ်သိက္ခာနှင့်စည်းကမ်းများ လိုက်နာစောင့်ထိန်းရေးကို ကြပ်မတ်ထိန်းသိမ်းပေးရန်အတွက် အရေးကြီးသော အဖွဲ့အစည်းကြီးဖြစ်ပြီး ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကို မှန်ကန်စွာဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိကကဏ္ဍမှပါဝင်နေပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေး စောင့်ရှောက်မှုကိုရရှိရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများ၏ဝန်ဆောင်မှုကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကို စည်းမျဉ်း၊စည်းကမ်းများနှင့်အညီဖွံ့ဖြိုး တိုးတက် ရေးအတွက် ထိန်းကျောင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အလှအပရေးရာဆေးခန်း (Aesthetic clinic)များနှင့်ပတ်သက်၍ ပိုမိုအလေးထားကာ ထိန်းကျောင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တရားမဝင်ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဖော်ထုတ်အရေးယူနိုင်ရေး လိုအပ်သလို ပြည်သူများအနေဖြင့်လည်း အသိပညာ ရရှိရေးနှင့် ပူးပေါင်းဆောင်ရွက်စေရေး အရေးကြီးရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်းနှင့် ကျင့်ဝတ်သိက္ခာမြင့်မားသော ဆရာဝန်ကောင်းများဖြစ်ပေါ် လာစေရေးနှင့် ပြည်သူများအတွက် စိတ်ချယုံကြည်ရသော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ပြောကြားပါသည်။

              

     ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ ဒုတိယလေးနှစ်တာကာလအတွင်း ဆောင်ရွက်ထားရှိ မှုအခြေအနေနှင့် တတိယလေးနှစ်ကာလအတွက် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

           

     ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီ နာယက ဒေါက်တာအက်စ်ကျော်လှနှင့် တက်ရောက်လာသော အလုပ်အမှုဆောင် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နာယက အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးပြီးအစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

 
 

More Tags