နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque နှင့် အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ဝန်ကြီးဌာနနှင့် ICRC တို့အကြားဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှကိုယ်စားလှယ်များတက် ရောက်ခဲ့ကြပါသည်။