20 Mar 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager Mr. Dirk Gehl နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ (၂၀၂၅)ခုနှစ်၊ မတ်လ (၁၉) ရက်

       ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager ဖြစ်သူ Mr. Dirk Ghel နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

                             

 

                             

          အဆိုပါဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း  မြန်မာ နိုင်ငံတဝှမ်းကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ် ဆေးလွှမ်းခြုံမှု (၇၅)ရာခိုင်နှုန်းကျော် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဝေးလံခက်ခဲသော ဒေသများရှိ ကလေးငယ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမရရှိခဲ့သည့် ကလေးငယ်များအား အမှီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်း၊ ထပ်ဆောင်းကာကွယ် ဆေးထိုး လုပ်ငန်းနှင့် တုံ့ပြန်ကာကွယ်ဆေးထိုးလုပ်ငန်း အစရှိသည့်နည်းလမ်းတို့ဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည့်အတွက် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရနိုင်သော ကူးစက် ရောဂါများ ကပ်ရောဂါအသွင်ဖြစ်ပွားမှုမရှိအောင် ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ များ၊ လျှပ်စစ်မီးအခက်အခဲရှိသည့် နေရာဒေသများတွင် ကာကွယ်ဆေးထိုး လုပ်ငန်း များအတွက် နေရောင်ခြည် စွမ်းအင်သုံးရေခဲသေတ္တာများနှင့် ကာကွယ်ဆေးသယ် အအေးခန်းယာဉ် များအား GAVI အဖွဲ့မှ အထောက်အပံ့ပေးမည့်ကိစ္စရပ်များ၊ အမျိုးသားကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ရေးမဟာဗျူဟာ (၂၀၂၆-၂၀၃၁)အရ ဝန်ကြီးဌာနနှင့် GAVI, WHO, UNICEF အဖွဲ့တို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကာကွယ်ဆေးထိုး လုပ်ငန်းကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

                           

 

                           

      ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ WHO ရုံး နှင့် UNICEF ရုံးများမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

                          

 
 

More Tags