မန္တလေးမြို့တွင် တိုင်းဒေသကြီးအဆင့် Child Death Surveillance and Response (CDSR) 2019 Annual Review Meeting ကျင်းပ

မန္တလေး၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၃ ရက်

     တိုင်းဒေသကြီးအဆင့် Child Death Surveillance and Response (CDSR) 2019 Annual Review Meeting ကို (၁၂-၃-၂၀၂၀)ရက်နေ့က မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် (ကလေးကျန်းမာ) ဒေါက်တာခင်ဇာမိုးက (၂၀၁၉)ခုနှစ်အတွင်း မန္တလေး တိုင်းဒေသကြီး၏CDSR အခြေအနေများကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ Focal Person များက ခရိုင်အလိုက် CDSR အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ်မူတည်၍ တိုင်းဒေသကြီးအဆင့်အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ မန္တလေးမြို့ပေါ်ရှိကလေးဆေးရုံအုပ်ကြီးများ၊ ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီး၊ ပါမောက္ခကလေးအထူးကုဆရာဝန်ကြီးနှင့် အတိုင်ပင်ခံကလေးအထူးကု ဆရာဝန်ကြီးများ၊ ပါမောက္ခ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် အတိုင်ပင်ခံ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများမှ CDSR Focal Person များ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပါသည်။

More Tags