ကလေးမြို့နယ်တွင် ဟိုတယ်လုပ်ငန်းရှင်များအား 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး အသိပေးဆွေးနွေးခြင်းနှင့် ပညာပေးခြင်းဆောင်ရွက်

ကလေး၊ ၂၀၂၀ ပြည့်နှစ်၊  ဖေဖော်ဝါရီ ၁၁ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် (၇.၂.၂၀၂၀)ရက်နေ့တွင် 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှု့ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဟိုတယ်လုပ်ငန်းရှင်များကို အသိပေးဆွေးနွေးခြင်းနှင့် ပညာပေးခြင်းကို ကလေးမြို့နယ်၊ မင်းကြီးဟိုတယ်၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

 

     အဆိုပါဆွေးနွေးပွဲကို ကလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးထွေး က ဦးဆောင်ကျင်းပခဲ့ပြီး 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါလက္ခဏာများ၊ ကူးစက်တတ်သည့် နည်းလမ်းများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် သံသယလူနာများ သတင်းပေးပို့ရန်နှင့် သတင်းပေးပို့ရန် လမ်းကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။

 

 
 

More Tags