ပန်းဘဲတန်းမြို့နယ်၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအား COVID-19 ( Corona Virus Disease 2019) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြိုတင်ကာကွယ်နိုင်ရန် Fever surveillance လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၃) ရက်

     (၂၀၂၀) ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအား COVID-19 ( Corona Virus Disease 2019) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Fever surveillance လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ပန်းဘဲတန်းမြို့နယ်မှ အခြေခံကျန်းမာရေး ပညာရှင်များက တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုကြသော ကျောင်းသူကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ COVID-19 ( Corona Virus Disease 2019) ကြိုတင်ကာကွယ်နိုင်ရေးအတွက် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

More Tags