ကွမ်းခြံကုန်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၂ ရက်
(၂၀၂၀) ခုနှစ်၊ မတ်လ (၁၂) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင်တို့မှ ဦးဆောင်၍ ကွမ်းခြံကုန်းမြို့နယ် သပြုစမ်းကျေးရွာရှိ အလှူပွဲတွင် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါနှင့်ပတ်သက်ပြီး စနစ်တကျ လက်ဆေးရန် လက်ဆေးနည်း သရုပ်ပြခြင်း၊ ချောင်းဆိုးနှာချေသည့်အခါ သတိပြုရမည့်အချက်များကို အသိပညာပေးဟောပြောခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြပါသည်၊၊ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာလူထု (၅၇)ဦး တက်ရောက်ခဲ့ပါသည်။