မကွေးတိုင်းဒေသကြီးတွင် ကမ္ဘာ့လူနာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day) အခမ်းအနား ကျင်းပပြုလုပ်

မကွေး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၀) ရက်

     ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day) အခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်သူဆေးရုံ(မကွေး) အစည်းအဝေးခန်းမတွင် (၂၀.၉.၂၀၁၉) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ကအဖွင့်အမှာစကားပြောကြားရာတွင် လူနာများ ဘေးကင်းလုံခြုံမှုဆိုင်ရာ သဘောတရားများသည် ကျယ်ပြန့်ပါကြောင်း၊ ကုသရေးပညာရှင်များသာမက ဆေးရုံစီမံခန့်ခွဲသူများ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မကွေးဆေးရုံကြီးမှာ လူနာများအတွက် ဆေးကုသမှု ပေးနေသော ဆရာဝန်ကြီးများ၊ သူနာပြုဆရာမများ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လူနာများဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးပြောကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 
 

     ထို့နောက် မကွေးတိုင်းဒေသကြီး ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကားပြောကြားပြီး လူနာများဘေးကင်းလုံခြုံရေးဆိုင်ရာခေါင်းစဉ်အသီးသီးဖြင့် အထူးကုဆရာဝန်ကြီးများက ဆွေးနွေးပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

More Tags