၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သက်ထားသူ များ စုစုပေါင်း (၂,၈၄၁) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၇၄) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၂,၇၆၇)ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
၂။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၈)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၃။ (၁၄-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၅-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၀၉)ဦး ရှိပါသည်။
၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (၁၅-၄-၂၀၂၀)ရက်နေ့တွင် COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။