၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးပါ။ | ၂။ နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင်ဖုံးပါ။ |
၃။ အပြင်ထွက်တဲ့အခါတိုင်း ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ပါ။ | ၄။ အခြားသူများနဲ့ အနည်းဆုံး (၆)ပေ အကွာမှသာ ပြောဆိုဆက်ဆံပါ။ |
၅။ မိသားစုဝင်တစ်ဦးသာလျှင် စျေးဝယ်ထွက်ပါ။ ဖြစ်နိုင်လျှင် တစ်ပတ်ကို တစ်ကြိမ်သာ စျေးဝယ်ထွက်ပါ။ | ၆။ တတ်နိုင်သမျှ အစာအုပ်စုစုံလင်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။ |
၇။ မိမိနဲ့သင့်တော်ပြီးမပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ | ၈။ အစားအသောက်တွေကို မပြင်ဆင်၊ မကိုင်တွယ်မီမှာ လက်ကို ဆပ်ပြာနဲ့ရေ သုံးပြီး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ။ |
၉။ တတ်နိုင်သမျှ အစာအုပ်စုစုံလင်အောင် အာဟာရပြည့်ဝအောင် စားသုံးပါ။ | ၁၀။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားရာဒေသမှ ပြန်လာသူများအနေဖြင့် သီးခြား သတ်မှတ်ထားသောနေရာများ (Quarantine Center) တွင် (၂၁) ရက်တာ အသွားအလာကန့်သတ် နေထိုင်ပြီး နောက်ထပ်(၇)ရက် အိမ်မှာသာနေထိုင်ခြင်းဖြင့် ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ပါ။ |
၁၁။ နှာချေ/ချောင်းဆိုးတဲ့အခါမှာ အသုံးပြုထားတဲ့ တစ်ရှူးတွေကို အဖုံးပါတဲ့ အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။ | ၁၂။ သင်၏ ခရီးသွားရာဇဝင်ကို ဆရာဝန်အား တိကျမှန်ကန်စွာ ပြောပြပါ။ |
၁၃။ တတ်နိုင်သမျှ လူ (၅) ဦး အထက်စုဝေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ | ၁၄။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးလိုပါက တိုက်ကျွေးနိုင်ပါတယ်။ |
၁၅။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းများ ဖြစ်ပါက နီးရာကျန်းမာရေးဌာနကို ချက်ချင်းဆက်သွယ် ကုသမှုခံယူပါ။ | ၁၆။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိရောက်စွာ ကာကွယ်ဖို့ စည်းကမ်းမဲ့ တံတွေး/သလိပ်ထွေးခြင်းနဲ့ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပါ။ |
၁၇။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်၊ အသားဓာတ်နှင့် ဓာတ်တိုးကာကွယ်သည့် ဓာတ်များ ကြွယ်ဝစာပါဝင်ပြီး သဘာဝအတိုင်း သန့်ရှင်းလတ်ဆတ်သော အစားအစာများကို နေ့စဉ် စားသုံးပါ။ | ၁၈။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေတဲ့ သတင်းများနဲ့ လမ်းညွှန်ချက်များကို ယုံကြည်လိုက်နာပါ။ |
၁၉။ တတ်နိုင်သမျှ အိမ်မှာပဲနေပါ။ (အထူးသဖြင့် အသက် (၆၀) နှစ် အထက်နှင့် နာတာရှည် ရောဂါရှိသူများ) | ၂၀။ (၆) ပေ အကွာမှ ဈေးဝယ်ပါ။ |